သာမန်မြန်မာနိုင်ငံကူးလက်မှတ်များ လျှောက်ထားခြင်း လျှောက်ထားနိုင်သူများ

ပြည်ပသို့ တရားဝင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများနှင့် ၎င်းတို့အား မှီခိုနေထိုင်လျက် ရှိသည့်မိသားစုများသည် သာမန်မြန်မာနိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားနိုင်ပါသည်။

အသစ်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များနှင့် ကျသင့်ငွေ

  • နိုင်ငံကူးလက်မှတ်စာအုပ်(မူရင်း)နှင့် ယင်းနိုင်ငံကူးလက်မှတ်စာအုပ်မိတ္တူ
  • ၂ လက်မပတ်လည် နောက်ခံအဖြူဖြင့် ရောင်စုံဓါတ်ပုံ (၂)ပုံ
  • ကိုယ်ရေးလျှောက်လွှာ
  • မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းကုန်/စာမျက်နှာကုန်၍ အသစ်ထုတ်ယူခြင်းအတွက် ကျသင့်ငွေ အမေရိကန်ဒေါ်လာ ၃၃
  • နောက်ကျဒဏ်ကြေး/မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံးဒဏ်ကြေး အမေရိကန်ဒေါ်လာ ၇၅

မှတ်ချက်။

  • (က) ပြည်ပရှိ ကျောင်း/ကောလိပ်/တက္ကသိုလ်များ၌ တက်ရောက်လျက်ရှိသော ကျောင်းသား/သူများ ဖြစ်ပါက သက်ဆိုင်ရာပညာရေးဌာန၏ ထောက်ခံ ချက် (မူရင်း)၊ ကျောင်းသားကတ်(မိတ္တူ) တို့အပါအဝင် အထက်ဖော်ပြပါ အချက်အလက်များနှင့်အတူ လျှောက်ထားနိုင်ပါသည်။
  • (ခ) သာသနာ့ဝန်ထမ်းသံဃာတော်များဖြစ်ပါက လက်ရှိသီတင်းသုံးနေသည့် ကျောင်းထိုင်ဆရာတော်၏ ထောက်ခံစာမူရင်းနှင့် သာသနာဝင်လက်မှတ် မိတ္တူ တို့အပါအဝင် အထက်ဖော်ပြပါ အချက်အလက်များနှင့်အတူ လျှောက်ထားနိုင်ပါသည်။
  • (ဂ) နိုင်ငံခြားသား ခင်ပွန်းအားမှီခိုသည့် မြန်မာအမျိုးသမီးများ၊ အပြန် လေယာဉ်စရိတ် အာမခံငွေ(Return Air Ticket Fee) အမေရိကန် ဒေါ်လာ ၁,၀၀၀ ပေးသွင်းရပါမည်။ (မြန်မာသံရုံးအနေဖြင့် ကာယကံရှင် အမျိုးသမီး၏ သဘောတူညီချက်နှင့် သံရုံးတွင် ၃ နှစ် ထိန်းသိမ်းထား ရှိမည်ဖြစ်ပြီး ၃ နှစ်ပြည့်ပြီးနောက် ပြန်လည်ထုတ်ယူနိုင်မည် ဖြစ်ပါ သည်။)

မြန်မာနိုင်ငံသားမိဘ နှစ်ဦးမှ မွေးဖွားလာသည့် ကလေးအတွက် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားခြင်း

နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် လျှောက်လွှာအား ပြည့်စုံစွာဖြည့်စွက်၍ မိဘ ၂ ဦး ၏ လက်ထပ်စာချုပ်မိတ္တူ၊ ကလေး၏မွေးစာရင်းမိတ္တူ၊ ကလေးသည် မည်သည့်နိုင်ငံသားအဖြစ်မှ ခံယူထားခြင်း မရှိကြောင်း ဝန်ခံချက်နှင့် ကလေးအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ရန် မိဘ ၂ ဦးစလုံးမှ သဘောတူကြောင်းစာတို့ဖြင့် တင်ပြလျှောက်ထားရပါမည်။

မြန်မာနိုင်ငံသားမိခင်/ဖခင် တစ်ဦးနှင့် နိုင်ငံခြားသားမိခင်/ဖခင် တစ်ဦးတို့မှ မွေးဖွားလာသည့် ကလေးအတွက် နိုင်ငံကူးလက်မှတ် အသစ်လျှောက်ထားခြင်း

    • မွေးဖွားသည့်နေ့မှ ၁ နှစ်အတွင်း တင်ပြလျှောက်ထားရပါမည်။

  • မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင်လျှောက်လွှာအားပြည့်စုံစွာ ဖြည့်စွက်၍ မိဘ ၂ ဦး၏ လက်ထပ်စာချုပ်မိတ္တူ၊ ကလေး၏ မွေးစာရင်းမိတ္တူ၊ ကလေးသည် မည်သည့် နိုင်ငံသားအဖြစ်မှခံယူထားခြင်း မရှိကြောင်း ခံဝန်ချက်နှင့် ကလေးအနေဖြင့် မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ရန် မိဘ ၂ ဦးစလုံးမှ သဘောတူကြောင်း စာများဖြင့် တင်ပြ လျှောက်ထားရပါမည်။

နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသွား၍ နိုင်ငံကူးလက်မှတ် အသစ်လျှောက်ထားခြင်း

ပျောက်ဆုံးခဲ့သည့် နိုင်ငံကူးလက်မှတ်မိတ္တူ၊ ရဲစခန်းသို့ ပျောက်ဆုံးကြောင်း တိုင်ကြားထား သော ရဲစခန်းထောက်ခံစာ (Police Report) မူရင်း၊ ဖြည့်စွက်ပြီး ကိုယ်ရေးရာဇဝင်၊ ကျောင်သား ဖြစ်ပါက အထောက်အထား စာရွက်စာတမ်းများ၊ မှီခိုသူဖြစ်ပါက မှီခိုသူအထောက်အထား စာရွက် စာတမ်းများ တင်ပြ၍ လျှောက်ထားရပါမည်။

မှတ်ချက်(၁) နိုင်ငံကူးလက်မှတ်ပျောက်ဆုံးဒဏ်ကြေး အမေရိကန် ၇၅ ဒေါ်လာ နိုင်ငံကူး လက်မှတ် အသစ်တန်ဖိုး အမေရိကန် ၂၅ ဒေါ်လာနှင့် ပုံစံကြေး အမေရိကန် ၈ ဒေါ်လာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၈ ဒေါ်လာကျသင့်ပါမည်။

မှတ်ချက်(၂)  မြန်မာနိုင်ငံသားဟောင်းများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ပြန်လည် ကိုင်ဆောင်လိုခြင်း၊ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူလိုခြင်းတို့နှင့်စပ်လျဉ်း၍ မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့သို့ စုံစမ်းနိုင်ပါသည်။

EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR

LAO-THAI ROAD, WATNAK VILLAGE, SISATTANAK DISTRICT

P.O.BOX NO.11, VIENTIANE, LAO P.D.R.

Tel: (856)(21)314910, 314911, 353491

Fax No. (856) (21) 314913

Email: This email address is being protected from spambots. You need JavaScript enabled to view it.

သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားစဉ် သတိပြုရမည့်အချက်အလက်များ

ဓါတ်ပုံ

  • ၁။ ၆ လ အတွင်းရိုက်ကူးထားသောဓါတ်ပုံဖြစ်ရမည်။
  • ၂။ မျက်နှာ၏ ဧရိယာသည် ဓါတ်ပုံ၏ ၈၀ ရာခိုင်နှုန်းရှိရမည်။
  • ၃။ နောက်ခံအဖြူရောင်ဖြစ်ရမည်။
  • ၄။ ဓါတ်ပုံပေါ်ရှိမျက်နှာ၏ အရောင်သည် နဂိုမူလအသားရောင်ဖြစ်ရမည်။
  • ၅။ ထင်ရှားပြတ်သားမှုရှိသောပုံရိပ်ဖြစ်ရမည်။
  • ၆။ မျက်လုံးအနေအထားမှာ
    • (က) မျက်လုံးနှစ်ဘက်မှာ တစ်တန်းတည်းဖြစ်ရမည်၊
    • (ခ) မျက်လုံးပေါ်၌ ဆံပင်များအုပ်ဖုံးခြင်းမရှိစေရ၊
    • (ဂ) မျက်နှာသည်နောက်ခံအဖြူရောင်အလယ်တည့်တည့်တွင်ရှိရမည်၊
    • (ဃ) မျက်လုံးပေါ်တွင် အနီစက်/အဖြူစက် အလင်းပြန်ခြင်းမရှိစေရ (Red Eye)
  • ၇။ မျက်နှာအနေအထားသည် တည်ကြည်သောအနေအထားဖြစ်ရမည်၊
  • ၈။ နှုတ်ခမ်းအနေအထားသည် ဖွင့်ဟနေသော အနေအထားမဖြစ်စေရ၊
  • ၉။ ဓါတ်ပုံပေါ်တွင် အလင်းပြန်ခြင်းမရှိစေရ၊
  • ၁၀။ ဓါတ်ပုံပေါ်တွင် အရိပ်မထင်စေရ၊
  • ၁၁။ မျက်မှတ်တတ်သည့်သူများသည် အရောင်ပြောင်းမျက်မှန်(tinted lenses)၊ မျက်မှန်ပေါ် တွင် အလင်းမပြန်စေရ၊ မျက်မှန် ဘောင်မထူရ၊ မျက်မှန်ဘောင်(frames) သည် မျက်လုံးကို မကွယ်ရ၊
  • ၁၂။ ဦးထုပ်ဆောင်း၍ မရိုက်ရ၊
  • ၁၃။ အစ္စလာမ်ဘာသာဝင်အမျိုးသမီးများ ခေါင်းဝတ်ပုဝါသည် မျက်နှာပေါ်တွင် အုပ်မိုးခြင်း မရှိစေရ၊ အရိပ်မကျစေရ၊
  • ၁၄။ ဓါတ်ပုံအရွယ်အစားမှာ ၃၅ မီလီမီတာနှင့် ၄၅ မီလီမီတာ ရှိရမည်၊
  • ၁၅။ ဓါတ်ပုံအား စီဒီခွေ(Soft copy)ဖြင့် ပေးရမည်။

လျှောက်ထားသူ၏ ထိုးမြဲလက်မှတ်

  • ၁။ ထိုးမြဲလက်မှတ်သည် နိုင်ငံကူးလက်မှတ်ပေါ်တွင် ထည့်သွင်းဖော်ပြရမည်ဖြစ်သည့်အတွက် လျှောက်ထားသူကိုယ်တိုင် ရေးထိုးထားသော လက်မှတ်ဖြစ်ရမည်။ ကိုယ်စားမထိုးရ၊ ကွဲလွဲခဲ့ပါက ခရီးသွားလာရာတွင် အခက်အခဲကြုံတွေ့ရနိုင်ပါသည်။
    ၂။ ရေးထိုးထားသော လက်မှတ်သည် သတ်မှတ်ဘောင်ထက်ကျော်လွန်ခြင်း မရှိစေရ၊ ထင်ရှား ပြတ်သားမှုရှိရမည်။
 

Download Apply Form

 

Exchage Rate

Feed not found.

Contact info

Lao-Thai Road, Watnak Village Sisattanak District, P.O.Box No-11 Vientiane PDR.

mmembvte@gmail.com

(856) (21) 314910, 314911, 353491

(856) (21) 314913

www.myanmarembassy-vte.org