(Myanmar National Airlines)

  1. Remove your socks or stockings and shoes before you enter a Buddhist pagoda, monastery or nunnery. Some monasteries and nunneries allow shoes to be worn in their compounds but never inside the buildings.
    ဗုဒ္ဓဘာသာဘုရားများ၊ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများထဲသို့ မဝင်မီဖိနပ်နှင့် ခြေအိတ်များကို ချွတ်ပါ။ အချို့ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများကကျောင်းပရဝဏ်အတွင်းဖိနပ်စီးခွင့်ပြုထားသော်လည်းအဆောက်အဦများထဲတွင် ဖိနပ်လုံးဝမစီးပါနဲ့။
  2. Remove your shoes when you visit Myanmar homes, but you may keep on your socks.
    မြန်မာအိမ်များသို့ သွားလည်ပါကအိမ်ထဲတွင် ဖိနပ်မစီးပါနှင့်။ သို့သော် ခြေအိတ် ဝတ်ထားနိုင်ပါသည်။
  3. When you are invited to a Myanmar home for a meal there is no need to bring a gift. Do not bring wine: unless your hosts are very Westernized they will neither drink wine nor have wine glasses.
    မြန်မာအိမ်များကထမင်းစားဖိတ်ပါကလက်ဆောင်ပစ္စည်းယူသွားရန် မလိုပါ။ ဝိုင်ပုလင်းမယူသွားနဲ့။ သင့်ကိုဖိတ်သောအိမ်ရှင်သည် အနောက်တိုင်းဆန်သောသူမဟုတ်ပါကဝိုင်ကိုသောက်ဖူးမည်မဟုတ်သလိုဝိုင်ဖန်ခွက်လည်းရှိနိုင်မည် မဟုတ်ပါ။
  4. In a Myanmar home the women may not sit and eat the meal with you. They are not taking an inferior role to you; they are being good hostesses by making sure everyone is property served. Becoming annoyed at this and insisting that they sit and eat with you implies that you think they are playing an inferior role, which is insulting.
    မြန်မာအမျိုးသမီးများကသင်နှင့်အတူထိုင်ကာထမင်းစားလိမ့်မည် မဟုတ်ပေ။ သူတို့ကိုယ် သူတို့ နှိမ့်ချသိမ်ငယ်ခြင်းကြောင့် မဟုတ်ပဲထမင်းဝိုင်းရှိလူအားလုံးကိုသေချာစွာဧည့်ခံကြ လိုသောကြောင့် ဖြစ်ပါတယ်။ သင့်အနေဖြင့် ထိုအချက်ကြောင့် စိတ်မသက်မသာဖြစ်မိပြီးသင်နှင့်အတူစားသောက်ရန် တောင်းဆိုမိပါကသူတို့အားစော်ကားသကဲ့သို့ ဖြစ်သွားနိုင်ပါတယ်။
  5. Myanmar meals are centered on steamed rice accompanied by a soup, curries, salads, stir-fries, fried fish, omelettes, and blanched or raw vegetable with a relish. The soup is not drunk before the meal but supped throughout to clear the palate or dribbled on the rice. In some homes one big soup bowl is shared by everyone. If there is any dish you do not want to eat decline firmly but with a smile. There will be a fork and spoon to eat your meal, but no knives.
    ထမင်း၊ ဆီပြန်ဟင်း၊ ဟင်းချို၊ အကြော်အလှော်၊ ငါးကြော်၊ ဟင်းသီးဟင်းရွက်တွေကမြန်မာတို့ရဲ့ ထမင်းစားစားပွဲမှာပါဝင်လေ့ရှိတဲ့ အရာတွေဖြစ်ပါတယ်။ ဟင်းချိုကထမင်းမစားခင် သောက်ဖို့မဟုတ်ပဲထမင်းစားနေစဉ်သောက်ဖို့နဲပထမင်းထဲဆမ်းစားဖို့ဖြစ်ပါတယ်။ တချို့ အိမ်တွေမှာတော့ ဟင်းချိုပန်းကန်လုံးအကြီးကိုအလယ်မှာထားပြီးအားလုံးအတူသောက်ကြလေ့ရှိပါတယ်။ သင်မကြိုက်တဲ့ ဟင်းခွက်ပါဝင်လာရင် အပြုံးနဲ့ ပြတ်ပြတ်သားသားငြင်းဆိုလိုက်ပါ။ ထမင်းစားဖို့ ဇွန်းခရင်းပဲရှိမှာဖြစ်ပြီးထားပါဝင်မည် မဟုတ်ပါ။
  6. There is no tradition in Myanmar of eating appetizers before a meal. Pickled tea leaf salad or fruit are eaten afterwards instead of a Western style dessert. However if you are at a restaurant you can eat as you eish, such as having appetizers first or soup as a first course.
    ထမင်းမစားခင် Appetizers စားသောအလေ့အကျင့် မြန်မာတွေမှာမရှိပါ။ ထမင်းစားပြီးရင်တော့ လက်ဖက်သုတ်ကိုအနောက်တိုင်းပုံစံအချိုပွဲအစားစားလေ့ရှိကြ ပါတယ်။ ဒါပေမဲ့ စားသောက်ဆိုင်မှာဆိုရင်တော့ သင်နှစ်သက်သလိုသာစားပါ။ Appetizers ဒါမှမဟုတ် ဟင်းချိုအရင်မှာစားတာမျိုးပေါ့။
  7. Myanmar people are extremely hospitable and even strangers will offer you food. Please decline with a smile if you do not want to accept.
    မြန်မာတွေဟာအလွန်ဧည့်ဝတ်ပျူငှာကြပါတယ်။ သူစိမ်းတွေကတောင် သင့်ကိုအစာအစာတွေ ကျွေးတက်ကြပါတယ်။ သင်လက်မခံဘူးဆိုရင်တော့ အပြုံနဲ့သာငြင်းဆိုလိုက်ပါ။
  8. When you are a guest, do not dress too casually; you will notice that the locals tend to overdress, which is their way of honouring the host.
    သင် ဧည့်သည်လုပ်မယ်ဆိုရင်တော့ သမန်ကာရှန်ကာဝတ်စားမသွားပါနဲ့။ သင့်ကိုဧည့်ဝတ်ကြိုဆိုတဲ့အနေနဲ့ အိမ်ရှင်တွေကဝတ်ကောင်းစားလှတွေဝတ်ဆင်ထားကြတာသင် သတိပြုမိမှာပါ။
  9. Women should not go bra-less, wear low slung jeans that reveal the lower back, skimpy tops or skirts that are above the knee when visiting religious sites, including pagodas, monasteries and nunneries, or attending official meetings. Even in non-religious public places it is better to adhere to the above cod of dress.
    ဘာသာရေးနေရာတွေဖြစ်တဲ့ ဘုရား၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေသွားတဲ့အချိန်နဲ့ အစိုးရအစည်းအဝေးတွေတက်တဲ့အချိန်တွေမှာအမျိုးသမီးတွေအနေနဲ့ အတွင်းခံဘလာစီယာမပါတာ၊ တင်ပါးပေါ်နိုင်တဲ့ ဂျင်းဘောင်းဘီဝတ်တာနဲ့ ဒူးအထက်ရောက်နေတဲ့ စကတ်တွေမဝတ်သင့်ပါဘူး။ ဘာသာရေးဌာနတွေကိုသွားတာမဟုတ်ရင် တောင် ဒီလိုမဝတ်သင့်တာသင့်တော်ပါတယ်။
  10. Women must not go topless at the beach or hotel swimming pools. Women should not wear swimsuits, especially two-piece ones, when visiting fishing villages near beaches to avoid offending the locals, who will think they are prostitutes.
    ကမ်းခြေနဲ့ ဟိုတယ်ရေကူးကန်တွေမှာအမျိုးသမီးတွေအနေနဲ့ အဝတ်မပါပဲမနေသင့်ပါဘူး။ ကမ်းခြေနားကတံငါရွာတွေသွားလည်ရင်လဲရေကူးဝတ်စုံဝတ်မသွားသင့်ပါဘူး။ ဒေသခံကိုစော်ကားသလိုဖြစ်သွားနိုင်ပြီးသူတို့ကလည်းပြည့်တန်ဆာတွေလို့ ထင်သွားနိုင်ပါတယ်။
  11. It is not a compliment to say that a Myanmar woman is “hot” or “sexy”. To do so is to imply she is involved in the sex trade and such aremark would be extremely insulting. Myanmar is a sexually conservative society and personal sex lives remain private.
    မြန်မာအမျိုးသမီးတွေကိုHot တို့ Sexy တို့ မပြောသင့်ပါဘူး။ အဲလိုပြောရင် အလွန် စော်ကားသလိုဖြစ်သွားနိုင်ပါတယ်။ မြန်မာဟာလိင်ကိစ္စနဲ့ ပတ်သက်ရင် အလွန်ရှေးရိုးဆန် ပါတယ်။ လိင်ကိစ္စဟာ လျှို့ဝှက်ထားရမယ့် တစ်ကိုယ်ရည်ကိစ္စဖြစ်ပါတယ်။
  12. Make sure when sitting that the soles of your feet are not pointing towards a Buddha image, pagoda, monk, nun or elderly person. When sitting in the presence of a monk or Buddha image, tuck your legs under you. By tradition, only men sit with crossed legs in the presence to monks.
    ဘုရား၊ ဗုဒ္ဓဆင်းတုတော်၊ ဘုန်းကြီး၊ သီလရှင်နဲ့ အသက်ကြီးသူတွေဘက်ကိုခြေဆင်းမထိုင် မိပါစေနဲ့။ ဘုန်းကြီးနဲ့ ဗုဒ္ဓဆင်းတုတော်တွေရှေ့မှာထိုင်ရင် ပုစစ်ထုပ် ထိုင်ပါ။ ယောက်ျားတွေပဲဘုန်းကြီးရှေ့မှာတင်ပြင်ခွေထိုင်ကြတာပါ။
  13. Do not offer to shake hands with a monk, nun or a woman you do not know well.
    ဘုန်းကြီး၊ သီလရှင်နဲ့ မသိတဲ့ အမျိုးသမီးတွေကိုလက်ဆွဲမနှုတ်ဆက်ပါနဲ့။
  14. Women should neer touch a monk or a monk’s robes. Men should never touch a nun or any Myanmar woman as to do so could result in being charged with having outraged a woman’s modesty.
    အမျိုးသမီးတွေဘုန်းကြီးသင်္ကန်းကိုမထိသင့်ပါ။ ယောက်ျားတွေကလည်းသီလရှင်တွေကိုမထိသင့်ပါဘူး။ အမျိုးသမီးတွေကိုလည်းမထိသင့်ပါဘူး။ အမျိုးသမီးတွေကိုကာယအိန္ဒြေဖျက်မှုနဲ့ တရားစွဲခံရနိုင်ပါတယ်။
  15. Do not speak or laugh loudly in a religious environment.
    ဘာသာရေးနှင့်သက်ဆိုင်တဲ့ နေရာတွေနဲ့ ပတ်ဝန်းကျင်မှာစကားအကျယ်ကြီးမပြောပါနဲ့။
  16. Never hug or kiss a Myanmar person on the cheek in public as a greeting.
    မြန်မာတွေကိုနှုတ်ဆက်တဲ့အနေနဲ့ ပါးကိုနမ်းတာနဲ့ ဖက်ပြီးနှုတ်ဆက်တာတွေမလုပ်ပါနဲ့။
  17. The traditional Thai greeting known as the “wai”, or holding up dasped hands as if in prayer, is not a Myanmar tradition although a few might return it out of politeness. In Myanmar this gesture is reserved for Buddha images, monks and elderly people. Just saying “Mingalabar”(Good Fortune) is enough “hello” works, too.
    ထိုင်းလူမျိုးများကဲ့သို့ လက်အုပ်ချီပြီးနှုတ်ဆက်ခြင်းမှာမြန်မာတို့၏ ဓလေ့မဟုတ် သော်လည်းအချို့မှာယဉ်ကျေးမှုအရပြန်လည်နှုတ်ဆက်ကြလေ့ရှိသည်။ မြန်မာများသည် လက်အုပ်ချီမှုကိုဗုဒ္ဓဆင်းတုတော်များ၊ ဘုန်ကြီးများနှင့် လူကြီးသူမများကိုအရိုအသေပေးရန်သာသုံးကြသည်။ မင်္ဂလာပါဟုပြောခြင်းသည် ဟဲလိုဟုနှုတ်ဆက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
  18. Do not step over any part of anyone’s body and do not reach over or touch anyone’s head. If this happens accidentally, simply say “sorry, sorry—“ –twice, not just once, because saying it once sounds abrupt and insincere.
    အခြားသူတစ်ယောက်၏ ခန္ဓာကိုယ် မည်သည့်အစိတ်အပိုင်းကိုမဆိုခွမကျော်ပါနှင့်။ အခြားသူတစ်ဦး၏ ခေါင်းကိုမထိမကိုင်ပါနှင့်။ မတော်တဆထိမိပါကဆောရီး၊ ဆောရီးဟုနှစ်ကြိမ်ပြောပါ။ တစ်ကြိမ်တည်းမပြောပါနှင့်။ တစ်ကြိမ်တည်းပြောဆိုမှုမှာမလေးစားရာရောက်ပါသည်။
  19. When you give or accept anything do so with both hands or with the right hand, but there is no need to do this when paying the bill in a restaurant.
    တစ်စုံတစ်ခုပေးစဉ်နှင့် ယူစဉ် လက်နှစ်ဖက်ဖြင့် ယူဆောင်ပါ။ သို့မဟုတ် ညာဘက်လက်ကိုအသုံးပြုပါ။ သို့သော် စားသောက်ဆိုင်တွင် ငွေရှင်းချိန်တွင်မူထိုသို့ လုပ်ဆောင်ရန် မလိုအပ်ပါ။
  20. Myanmar people show gratitude not by saying”thank you” but with a smile, alook or body language. If they do not say “thank you”, it does not mean they are ungrateful or rude.
    မြန်မာများသည် ကျေးဇူးတင်မှုကိုကျေးဇူးတင်သည်ဟုမပြောပဲအပြုံးသို့မဟုတ် အမူအယာဖြင့် ပြသကြလေ့ရှိသည်။ ကျေးဇူးတင်သည်ဟုအပြောမခံရသော်လည်းကျေးဇူးမတင်ခြင်းသို့မဟုတ် ရိုင်းပြကြခြင်းမဟုတ်ပေ။
  21. Myanmar people will not open presents in front of you nor will they show much delight with the present because to do so, according to Myanmar culture, would make them appear to be mercenary.
    မြန်မာများသည် လက်ဆောင်ပစ္စည်းများကိုသင့်ရှေ့မှောက်တွင် ဖွင့်ကြည့်ကြမည်မဟုတ်ပေ။ ထို့ပြင် ကျေနပ်မှုကိုလည်းပြသကြမည်မဟုတ်ပေ။
  22. Do not take photos of women while they are bathing in public because even to look at them while they are washing is extremely rude; the Myanmar people give each other privacy by pretending not to see and just because they are in public view does not mean they do not deserve privacy.
    လူမြင်ကွင်းတွင် ရေချိုးနေသည့် အမျိုးသမီးများကိုဓါတ်ပုံမရိုက်ပါနှင့်။ အဘယ့်ကြောင့် ဆိုသော် သူတို့ရေချိုးနေစဉ် ကြည့်ရှုခြင်းမှာပင် အလွန်ရိုင်းပြနေပြီဖြစ်သည်။ မြန်မာများသည် မမြင်ချင်ယောင် ဆောင်ခြင်းအားဖြင့် တစ်ဦး၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုစောင့်ထိမ်းကြသည်။ လူမြင်ကွင်းတွင် ရှိနေသောကြောင့် သူတို့တွင် ကိုယ်ပိုင်လွတ်လပ်ခွင့် မရှိဟုမဆိုလိုပေ။
  23. Never sit on the lap of a Buddha images to have your photo taken. Do not sit on a higher level than a Buddha image, a monk or elderly person, whether male or female. Women should not sit or travel on the roof of a truck, bus or boat.
    ဗုဒ္ဓဆင်းတုတော်ပေါ်တွင် ထိုင်ကာဓါတ်ပုံရိုက်ခြင်းကိုလုံးဝမပြုလုပ်ပါနှင့်။ ဗုဒ္ဓဆင်းတုတော်၊ ဘုန်းတော်ကြီး၊ သက်ကြီးဝါကြီးများထက် မြင့်ရာတွင် မထိုင်ပါနှင့်။ အမျိုးသမီးများသည် ခရီးသွားချိန်တွင် ကား၊ ဘက်စ်နှင့် မော်တော်များ၏ ခေါင်မိုးပေါ်တွင် မထိုင်သင့်ပေ။
  24. If you are encouraged to drink or eat and you wish to refuse, say you are ill and the doctor told you not to eat or drink. A white lie saves face all around.
    သင့်အားစားသောက်ရန် အတင်းတိုက်တွန်းပါကနေမကောင်းဖြစ်နေသဖြင့် ဆရာဝန်ကတားမြစ်ထားသောကြောင့် မစားမသောက်နိုင်ကြောင်းငြင်းဆိုပါ။ အဖြူရောင်မုသားကမျက်နှာပျက်ရခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။
  25. If you trip and fall or make a mistake when you say something in Myanmar, people may laugh but it is not out of malice; they laugh at themselves too.
    သင်အမှားပြုလုပ်မှုခြင်းသို့မဟုတ် ချော်လဲချိန်တွင် လူအများကရယ်ကြမည်ဖြစ်သော်လည်းမညှာမတာမှုကြောင့်မဟုတ်ပါ။ သူတို့အချင်းချင်းလည်းရယ်မောကြလေ့ရှိသည်။
  26. Do not lose your temper or raise your voice in public. Being forceful may mean a strong character in other countries but in Myanmar ti tis regarded as a weakness and a loss of dignity and will result in a great loss of face for you and everyone around you.
    လူမြင်ကွင်းတွင် ဒေါသထွက်ကာအော်ဟစ်မှုမပြုလုပ်ပါနှင့်။ ထိုသို့ ပြုလုပ်ခြင်းအားသင်၏ အားနည်းချက်တစ်ခုအနေဖြင့် ရှုမြင်ကြလိမ်မည်ဖြစ်ကာအများရှေ့တွင် သင်နှင့် သင့်ပတ်ဝန်းကျင်မှ လူများအတွက် မျက်နှာပျက်စရာဖြစ်စေသည်။
  27. When Myanmar are angry they are most unlikely to show ti, because to do so would be impolite. Just because people are smiling at you, it may not mean you have not offended them.
    မြန်မာများစိတ်ဆိုးကြပါကထုတ်ဖော်ပြသလိမ်မည်မဟုတ်ပေ။ ထိုသို့ပြုလုပ်ခြင်းမှာမယဉ်ကျေးသောကြောင့် ဖြစ်သည်။ လူအများကသင့်အားပြုံးပြနေကြသော်လည်းသင် သူတို့အားစိတ်အနောက်အယှက် ဖြစ်စေခဲ့သည်ဟုမဆိုလိုပေ။

Exchage Rate

Feed not found.

Contact info

Lao-Thai Road, Watnak Village Sisattanak District, P.O.Box No-11 Vientiane PDR.

mmembvte@gmail.com

(856) (21) 314910, 314911, 353491

(856) (21) 314913

www.myanmarembassy-vte.org